ကိုယ့်ရဲ့ချစ်သူ၊ ခင်မင်သူ၊ မိတ်ဆွေတွေ အတွက် လှပဆန်းကြယ်တဲ့ အမှတ်တရ လက်ဆောင်မွန်တွေ ပေးပို့နိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ နှစ်သက်ရာ ပန်းတွေကို အွန်လိုင်းကနေ ကမ္ဘာအနှံ ပေးပို့နိုင်မှာ ဖြစ်ပြီး ယနေ့အချိန်အထိ ပန်းခြင်း စုစုပေါင်း သန်း၄၀ကျော် ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဝက်ဘ်ဆိုက်က ဆိုပါတယ်။ ခရစ္စမတ် လက်ဆောင်၊ မွေးနေ့ အမှတ်တရ၊ နှစ်ပတ်လည်၊ ကလေး လက်ဆောင်၊ လုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပန်းခြင်း၊ အသုဘ ပန်းခြင်း၊ မင်္ဂလာဆောင် အသုံးပြု အလှပန်းစတဲ့ လူမှုကိစ္စတွေမှာ အသုံးပြုချင်သူတွေ အနေနဲ့ အော်ဒါ မှာယူနိုင်မှာလည်း ဖြစ်ပြီး ဇော်မွှားပန်း၊ ဒေစီပန်း၊ အိုင်းရစ်ပန်း၊ နှင်းပန်း၊ သစ်ခွပန်း၊ နှင်းဆီပန်း၊ ခတ္တာပန်းစတဲ့ လှပဖွယ်ရာ ပန်းပွင့်တွေန့ဲ ပန်းပျိုးပင်လေးတွေရဲ့ အလှကို ကြည့်ရှုနိုင်မှာဖြစ်ကာ ကြိုက်နှစ်သက်ရာ ပန်းတွေကို အွန်လိုင်းမှ တစ်ဆင့် ပေးပို့နိုင်၊ မှာယူနိုင်မှာ ဖြစ်ပါတယ်။
အကြင်နာသင်္ကေတ

11
Mar