အတွေ့အကြုံ ဘာတစ်ခုမှ ရှိစရာမလိုဘဲ စာရိုက်တတ်ရုံနဲ့ ကမ္ဘာ့ နေရာဒေသ မရွေးမှာရှိတဲ့ လူတိုင်း အပိုဝင်ငွေရအောင် ချိတ်ဆက် လုပ်ပေးနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စာရေးဆရာတွေ၊ စာရေး နိုင်တဲ့သူတွေအတွက် အလုပ် များများစားစား ပေးနိုင်မှာဖြစ်ပြီး လုပ်ကိုင် ချင်သူတွေကို အရေးတကြီး လိုအပ်နေပါတယ်လို့ ဝက်ဘ်ဆိုက်က ဆိုပါတယ်။ ကွန်ပျူတာကို အသုံးပြု လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ကိုင်နိုင်မှာဖြစ်ပြီး ရုံးတက်စရာ မလိုကာ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့တိုင်း ထပ်ထပ်တိုးတိုးနေတဲ့ အလုပ်အကိုင် သစ်တွေလည်း ရှိနေမှာဖြစ်ပြီး မိမိ ရေးသားချင်တဲ့ ခေါင်းစဉ် အကြောင်းအရာအလိုက် ရွေးချယ် ရေးသား ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေချေတဲ့ အခါမှာကျတော့ သင့်အနေနဲ့ အွန်လိုင်း ငွေချေမှု စနစ်သုံး ဗီဇာကတ်၊ မာစတာကဒ်တွေ ရှိထားရမှာ ဖြစ်ပါတယ်။
စာရိုက်စားမယ် ဆိုရင်

11
Mar
like