၀ိပဿနာတရားတော်ဆိုတာ မိုးခြိမ်းသံနဲ့အတူ လင်းလက်လာတဲ့ လျှပ်စီးတန်းကဲ့သို့ အခိုက်အတန့်လေးသာ ကြုံရတဲ့ ဘုရားသာသနာ ခေတ်ကာလတွေမှာသာ သိရှိပွားများ အားထုတ်နိုင်တာပါ။ လူမှုကိစ္စ ဆိုတာ သေရင်တောင် ပြီးမှာမဟုတ်လို့ ခွင့်သာခိုက်မှ မလိုက်ချင် ရင်တော့ သံသရာ ၀ဲသြဃမှာ ဖြစ်ပျက်ဒုက္ခတွေနဲ့ ပက်လက် မျောနေရ ဦးမှာပါပဲ။ ဒီ ၀က်ဘ်ဆိုက်လေးကတော့ မဟာစည်ဆရာတော်ကြီး ဟောကြားထားတဲ့ တရားတော်တွေ၊ ရေးသားထားတဲ့ ကျမ်းစာအုပ်တွေ၊ ၀ိပဿနာ အားထုတ်နည်းတွေကို ဓမ္မရံသီ ၀တ်အသင်းမှ စုစည်း ပူဇော်ထားခြင်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဘ၀ဖြစ်စဉ်၊ တရားတော် MP3 ဖိုင်တွေ၊ ဓမ္မစာအုပ်စင် အီးဘုတ်၊ ဆောင်းပါး၊ သံေ၀ဂ လင်္ကာ၊ ၀ိပဿနာရှုနည်းနဲ့ အားထုတ်နည်း အခြေခံဆောင်ပုဒ်၊ ဆဌမ သင်္ဂါယနာတင် အမေးအဖြေ၊ ဉာဏ်စဉ်-၁၆ပါး ဘုရားရှိခိုးတွေကို ဖတ်ရှု ကူးယူနိုင်မှာ ဖြစ်ပါတယ်။
ခွင့်သာခိုက် လိုက်စေချင်

18
Feb