ဂျပန်မှာ လတ်တလော ရေပန်းစား လူကြိုက်များနေတဲ့ ဖက်ရှင် ပစ္စည်းတွေကို ရောင်းချပေးနေတဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ဂျပန်စတိုင်လ်ကိုမှ နှစ်သက် သူတွေအတွက် တိုကျိုမြို့လယ်ခေါင်က အလှပဂေး ချစ်စဖွယ် ဂျပန်မလေးတွေရဲ့ ခေတ်မီဆန်းသစ်ပြီး ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်မှာ ဂျပန်၊ အင်္ဂလိပ်စတဲ့ ဘာသာစကား (၅)မျိုး ထည့်သွင်းပေးထားလို့ နှစ်သက်ရာ ဗားရှင်းနဲ့လည်း ဖတ်ရှုနိုင်မှာပါ။ ဒါ့အပြင် ဖက်ရှင်ဒီဇိုင်နာတွေရဲ့လက်ရာတွေကို ပြသတဲ့ ဖက်ရှင်ရှိူးပွဲ မှတ်တမ်း ဓာတ်ပုံတွေ၊ ဖက်ရှင်ပြိုင်ပွဲတွေကိုပါ လေ့လာနိုင်မှာ ဖြစ်တဲ့အပြင် ဂျပန် မော််ဒယ်လ်မလေးတွေ ၀တ်ဆင် ပြသထားတဲ့ ဂျပန်မိတ် ဖက်ရှင်ပစ္စည်းတွေနဲ့ ဖန်စီပစ္စည်းတွေကို အနီးကပ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဂျပန်စတိုင်လ်

11
Feb