တကယ်တော့ ရင်းဂ်တုန်းဆိုတာ အမ်ပီသရီးဖိုင်ပါပဲ။ ကြိုက်တဲ့ သီချင်းရဲ့ ကြိုက်တဲ့အစိတ်အပိုင်းကို မိနစ်စက္ကန့်နဲ့ စမှတ်/ဆုံးမှတ် သတ်မှတ်ပြီး ဖြတ်ယူ ရင်းဂ်တုန်းလုပ်တဲ့ အခမဲ့ဆော့ဖ်၀ဲတွေလည်း အွန်လိုင်းမှာ ရှိပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာတော့ ချိုသာရယ်မောစရာ ရင်းဂ်တုန်း၊ အော်ဟစ်ကြမ်းတမ်းတဲ့ ရင်းဂ်တုန်း၊ စာရောက်သံ ရင်းဂ်တုန်း၊ နာမည် ရင်းဂ်တုန်းတွေကို နားဆင်နိုင်မှာဖြစ်ပြီး ဒေါင်းလုပ်ပါ ဆွဲယူနိုင်မှာ ဖြစ်ပါတယ်။ အိုင်ဖုန်းမိုဘိုင်း ရင်းဂ်တုန်း တွေ အပါအ၀င် လူကြိုက်များ ရင်းဂ်တုန်းတွေလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် မိမိကြိုက်နှစ်သက်တဲ ့ဖုန်းရင်းဂ်တုန်း အမ်ပီသရီး ဖိုင်တွေ ကိုလည်း 2 MB ထက် မကျော်စေဘဲ ဒီ၀က်ဘ်ဆိုက်မှာ တခြားသူတွေ နားဆင်ရယူနိုင်ဖို့ လွှင့်တင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ iTunes 10 ရှိဖို့တော့ လိုပါတယ်။
ရင်းဂ်တုန်းတွေ စိတ်ကြိုက်ယူ

28
Jan