Automobile

Audi R8 GT

ဒီအပတ် မိတ်ဆက်ပေးမယ့် ကားကတော့ ကမ်ဘာကျော် Lamborghini ပြိုင်ကားရဲ့ အောက်ခံကိုယ်ထည်၊ ဂီယာတည်ဆောက်ပုံ၊ စက်ကိရိယာ၊ တံခါးပုံစံနဲ့ အင်ဂျင်အမျိုးအစား အားလုံးတူညီတဲ့ Audi R8 (road car) ပါပဲ။ Lamborghiniရဲ့ နည်းပညာကို အသုံးပြုထားခြင်းကတော့ Volkswagen Groupက Audiနဲ့ Lamborghini နှစ်ခုစလုံးကို ပိုင်ဆိုင်ထားလို့ပါပဲ။ နှစ်ယောက်စီး ပြိုင်ကား အမျိုအစား ဖြစ်ပါတယ်။ Audi AGရဲ့ အောက်ခံကုမ္ပဏီ Quattro GmbHမှ ထုတ်လုပ်ပြီး Audiရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Quattro နာမည်ကိုသာ အသုံးပြုထားပါတယ်။ အခြေခံတည်ဆောက်ပုံကတော့ Audi Space Frameကို အခြေခံပြီး aluminium monocoqueကို အသုံးပြုပြီး တည်ဆောက်ထားတာပါ။

အမျိုအစား (၆) မျိုးခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။ R8 coupe’ 4.2 FSI quattro, R8 spyder 4.2 FSI quattro, R8 coupe’ 5.2 FSI quattro, R8 spyder 5.2 FSI quattro, R8 GTနဲ့ R8 GT spyderတို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် အစီးရေ (၈) စီးမှ (၁၅) စီးသာ ထုတ်လုပ်ပြီး အများဆုံး (၂၉) စီးသာ ထုတ်လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိတ်အပိုင်းပေါင်း (၅၀၀၀) ကျော်ကို အလုပ်သမား (၇၀)လောက်က လက်ဖြင့်သာ တပ်ဆင်သောကြောင့်ပါ။ mid-Engine အမျိုးအစားဖြစ်ပြီး 4.2L FSI V8, 2xDoHC အင်ဂျင်နဲ့ 5.2L FSI V10, 2xDoHC အင်ဂျင်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Transmissionကိုလဲ 6-speed manualနဲ့ 6-speed R Tonicနှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

All-Wheel drive အမျိုးအစားဖြစ်ပြီး စွမ်းရည်ရဲ့ 30%ကို ရှေ့ဘီးများအတွက် အသုံးပြုပြီး ကျန် 70%မှာ နောက်ဘီးများအတွက် အသုံးပြုထားပါတယ်။ အမျိုးအစားများအနက် ထူးခြားတာက R8 GT R8နဲ့ GT Spyder နှစ်မျိုးက အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာပါ။ အစီးရေ (၃၃၃)စီးသာ ထုတ်လုပ်မှာပါ။ ဈေးနှုန်းကတော့ US$ 180,000မှ US$ 300,000 ကျော်အထိ ရှိပါတယ်။ ဒီ Audi R8 GT ကားကို ယခုလက်ရှိ စီးနေပြီး အကြိုက်တွေ့နေသူကတော့ ကမ်ဘာကျော် pop အဆိုတော်် Lady Gagaပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ အနည်းဆုံး နှစ်စီး၊ သုံးစီး ရှိနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *