Mobile, Review

HTC One V

HTC One Vဟာ အရွယ်အစား သေးငယ်ပေမယ့်လည်း စွမ်းဆောင်ရည် မြင့်မားတဲ့ ဖုန်းဟန်းဆက် တစ်လုံး ဖြစ်ပါတယ်။ ထို့ပြင် အခြား One စီးရီးတွေလိုပဲ HTC One v ဟာ ကောင်းမွန်လှတဲ့ camera စွမ်းရည်နှင့် အခြား featureများထပ်မံ ပါဝင်နေပါသေးတယ်။

1 . လုံလောက်တဲ့ Memory
HTC One Vအတွင်း ပါဝင်တဲ့ memory ပမာဏက 4GB ဖြစ်တဲ့အတွက် လုံလောက်နေပြီဖြစ်ပြီး ထပ်တိုးချင်သူများအဖို့လည်း micro SDထပ်စိုက်ခွင့် ပေးထား ပါသေးတယ်။ ၄င်းရဲ့ RAM memory ပမာဏကတော့ 512 MB ဖြစ်ပါတယ်။

2. စွမ်းရည်မြင့် Camera
HTC One Vရဲ့ အရွယ်အစားက သေးငယ်ပေးမယ့် ၄င်းအတွင်းပါဝင်တဲ့ Cameraရဲ့ စွမ်းဆောင်ရည်က မြင့်မားပါတယ်။ ၄င်း Cameraဟာ 720p HD videoများကို ရိုက်ကူးနိုင်ပြီး shutter speed ကလည်း 0 ဖြစ်ပါတယ်။ အရည်အသွေးအနေနဲ့ကတော့ 5 mega pixel ရှိပြီး smart LED flash နှင့် auto focusတို့လည်း ပါဝင်ပါသေးတယ်။

3. Beats ပါ၀င်မှု
အသံအရည်အသွေးအနေနဲ့ကတော့ HTC One Vဟာ နောင်တော်ဖုန်းများလိုပဲ Beats by Dr.Dre အသံစနစ်ကို ထည့်သွင်းပေးထားပါတယ်။

4. သေးငယ်ပေါ့ပါးတဲ့ ဒီဇိုင်း
One Vရဲ့ ပုံစံဒီဇိုင်းကတော့ သာမာန် Smart Cardတစ်ခုထက် ၁ လက်မသာ ပိုပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ ကိုယ်ထည်ကို သံဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင် အရွယ်အစားကတော့ ၃.၇ လက်မ ရှိပါတယ်။

5. အင်တာနက် အသုံးပြုမှု
HTC One v မှတဆင့် အင်တာနက်အသုံးပြုပြီး website များကြည့်ရှုမယ်ဆိုရင်တော့ ဘာမှစိတ်ပူ စရာရှိမှာမဟုတ်ပါဘူး။ ၄င်းအတွင်း ပါဝင်တဲ့ browser
တွေဟာ HTML 5နှင့် Flash ၂ မျိုးလုံးကို အထောက်အပံ့ပေးထားပြီး စာများဖတ်ရှုရာတွင်လည်း ယခင်ကလို အလုပ်မရရှုပ်စေရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။

6. သင့်တင့်တဲ့ Processor
အသုံးပြုထားတဲ့ CPU ကတော့ 1GHz ဖြစ်ပါတယ်။

7. အသစ်လွင်ဆုံး Software
ဖုန်းအတွင်း Android 4.0 နှင့် HTC Sense 4တို့ ထည့်သွင်းပေးထားမှုကတော့ HTC One Vကို ခေတ်အမီဆုံး ဖုန်းတစ်လုံးထဲ အပါအဝင် ဖြစ်စေ ပါတယ်။

8. ဆက်သွယ်မှု နည်းပညာများ
HTC One v အတွင်း အသုံးပြုထားသော Bluetooth ကတော့ နောက်ဆုံးထွက် Bluetooth 4 ဖြစ်ပြီး အင်တာနက်အသုံးပြုရန်အတွက်ကိုလည်း Wi Fi IEEE 802.11 b/g/n ကို အထောက်အပံ့ပေးထားပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *