တော်၀င်မိသားစု ကုမ္ပဏီသည် “စာပေမြှင့်တင် လူ့စွမ်းအင်” ခေါင်းစဉ်ဖြင့် စာဖတ်၊ စာရေး စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး၊ ဆုရရှိသူများအား ဆုပေးပွဲ အခမ်းအနားနှင့် ပူးတွဲ၍ ဇန်နဝါရီလ (၂၆)ရက်မှ (၂၈)ရက်နေ့အထိ စာအုပ် အရောင်းပွဲကို ကျင်းပခဲ့ကြောင်းနှင့် ၎င်း စာအုပ်အရောင်းပွဲတွင် ပေါ်ပြူလာ ဂျာနယ်၊ ဒိုင်နက်စတီ၊ ငါတို့စာပေကွာလတီ၊ ပြုံး၊ ရုပ်ပြောင်၊ နယူးတိုက်ဂါး၊ မြနန္ဒာ၊ ၀င်းညီနောင်၊ သတင်းကောင်း၊ စိတ်ကူးချိုချို၊ စိတ်ကူးသစ်၊ ပါရမီ၊ အင်း၀၊ အိမ်တွင်းမှု၊ ဂလိုဘယ်အလင်း၊ ဘ၀တက္ကသိုလ်၊ အိမ်သူရွေှမ၊ စာနဒီ၊ စောဦး၊ နဂါးပျံ၊ အုန်းစော၊ မြ၀တီ၊ စိန်မိုးယံ၊ ပညာဗိမာန် စာအုပ်တိုက်၊ Familyမဂ္ဂဇင်းနှင့် ပိဋကတ် စာအုပ်ဆိုင် အပါအ၀င် စာအုပ်တိုက် ပေါင်းများစွာတို့မှ ပါ၀င်ပြသ ရောင်းချခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများမှ သိရှိရပါသည်။
စာဖတ်၊ စာရေး စွမ်းရည် ပြိုင်ပွဲနှင့် စာအုပ်အရောင်းပွဲ ကျင်းပခြင်း

04
Feb