Automobile

2013 RX Lexus

ဇိမ်ခံကား ကောင်းကောင်း စီးချင်သူများအတွက် 2013 RX Lexus ကားကို မိတ်ဆက်ပေးချင်ပါတယ်။ Lexus ကားကုမ္ပဏီက အဆင့်မြင့် ဇိမ်ခံကားတွေကို ထုတ်လုပ်နေ တာဆိုတာ အားလုံးသိကြမှာပါ။ 2013 RX မော်ဒယ်ကားကို အခြားကုမ္ပဏီက ကားဒီဇိုင်းတွေနဲ့ မတူအောင် ဒီဇိုင်း ကွန့်မြူးပြီး ထုတ်လုပ်ထားပါတယ်။ အဓိကကတော့ Lexus ကားချစ်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

2013 မော်ဒယ် RX ကားရဲ့အရှေ့ပိုင်းမှာ ဇကာကွက် ဒီဇိုင်းဆင်ပေးထားခြင်းက အပြေးနှင်ပြီး ရန်မူတော့မယ့် သားရဲတစ်ကောင်အလား ထင်မှတ်စေပါတယ်။ တပ်ဆင် ထားတဲ့ မီးလုံးဒီဇိုင်းကလည်း စူးရဲတဲ့ သားရဲတစ်ကောင်ရဲ့ မျက်လုံးများအလား အထင်မှားလောက်ပါတယ်။ အဆင့်မြင့် ဇိမ်ခံကားတစ်စီး ပိုင်ဆိုင်လိုသူတွေအတွက်တော့ စိတ်ကြိုက်ဖြစ်စေမှာပါ။

အင်ဂျင်အမျိုးအစားတွေကိုတော့ 3.5L V6 အင်ဂျင်အမျိုးအစားကို အသုံးပြုထားတာပါ။ Eight Speed ဂီယာ ဖြစ်တာကြောင့် ဂီယာ ၈ ချက် ထိုးနိုင်မယ့် ကားအမျိုးအစားပါ။ အီလက်ထရောနစ်စနစ် အသုံးပြုထားတဲ့ ထိန်းချူပ်မောင်းနှင်စနစ် (Electronically Controlled Transmission with intelligence)ကို အသုံးပြုထားခြင်းက 2013 RXရဲ့ အားသာချက်လို့ ပြောနိုင်ပါတယ်။

အီလက်ထရောနစ်က ထိန်းချုပ်မောင်းနှင်ရာမှာ တိကျပြီး ဆီစားလည်း သက်သာစေပါတယ်။
အတွင်းပိုင်းက ထိုင်ခုံတွေကိုတော့ Leather တွေနဲ့ ပြုလုပ်ထားတာကြောင့် အေးမြမှုကို အပြည့်အ၀ ခံစားရမှာပါ။ ကုန်တင်နိုင်မယ့် ဧရိယာကလည်း ကျယ်ပြန့်ပါတယ်။ ခရီးဆောင်အိတ် ၄လုံးကို ကောင်းကောင်းကြီး တင်ဆောင်နိုင်မယ့် သီးသန့်နေရာ ရှိပါတယ်။ နောက်ထိုင်ခုံမှာ ထိုင်သူအတွက် ဖျော်ဖြေရေးအစီစဉ်တွေကို အပြည့်အ၀ ခံစားနိုင်မယ့် ၇ လက်မ LCD Monitor နှစ်လုံးကို ရှေ့ထိုင်ခုံရဲ့ အနောက်ဘက် ခေါင်းမှီနေရာမှာ တပ်ဆင်ထားပါတယ်။ အဲဒီ Monitor တွေကနေ မတူညီတဲ့ Video တွေကို ကြည့်ရှုမယ့်အပြင် Wireless Headphone ချိတ်ဆက် သုံးနိုင်ပါတယ်။ Monitor နှစ်ခုလုံးကို ရီမုတ် တစ်ခုတည်းနဲ့ ထိန်းချုပ်နိုင်ပါသေးတယ်။ တကယ့် ဇိမ်ခံကားကြီးပါပဲ။

2013 RX ကားကို ကားမောင်းနှင်သူတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စီယာတိုင်ကို လက်ကနေ မလွှတ်ပဲနဲ့ များစွာသော Feature တွေကို လုပ်ဆောင်စေနိုင်မယ့် Function အသစ်တွေကို ထည့်သွင်းထားတာပါ။ တံခါး Lock ချခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုခြင်းစတဲ့ လုပ်ဆောင်မှုတွေ အားလုံးကို Button လေး တစ်ချက် နှိပ်ရုံဖြင့် ခိုင်းစေနိုင်ပါတယ်။ Bluetooth ချိတ်ဆက်နိုင်တာကြောင့် မိုဘိုင်းဖုန်းတွေနဲ့ Portable Audio Player တွေကို Wireless ကနေ ချိတ်ဆက်သုံးနိုင်ပါတယ်။

ထိခိုက်မှု တစ်စုံတရာ ဖြစ်ပေါ်လာပါက အလိုအလျောက် အကြောင်းပြန်ပေးမယ့် Automatic Collision Notification (SOS) စနစ် ပါရှိတာကြောင့် အသက်အန္တရာယ် ကာကွယ်ပေးနိုင်မယ့် လေအိတ်တွေကို အမြန်ဆုံး အလုပ် လုပ်စေမှာပါ။ Active Torque Control စနစ်က ဘီးအားလုံးကို Control ကောင်းကောင်း လုပ်ပေးနိုင် ပါတယ်။ ဘီးရဲ့လိုအပ်ချက်တွေကို အာရုံခံနိုင်ပြီး လိုအပ်တဲ့ ဘီးလည်အားတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီအချက်က နှင်းတောထဲမှာ ဒါမှမဟုတ် ဖုန်၊ သဲတောထဲမှာတောင် အစွမ်းကုန် မောင်းနှင်နိုင်တယ်လို့ ဆိုလိုတာပါ။ 2013 RX LEXUS ကားက ဒီဇိုင်းကလည်း ဆန်းပြီး အဆင့်မြင့် ဇိမ်ခံကား တစ်စီး ဖြစ်တာကြောင့် ပြည်တွင်းမှာ လူကြိုက်များနေတဲ့ ကားတစ်စီးပါ။ 2013 RX LEXUS ကားရဲ့ဈေးနှုန်းကို ဆက်သွယ် စုံစမ်းချင်တယ်ဆိုရင်တော့ Golden Dragon Trading ဖုန်း ၀၉-၇၃၂-၅၄၃-၅၅ သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *