မူလပုံက ရေတံခွန်ရှုခင်းဓာတ်ပုံပါ။ ပုံအသေတစ်ပုံကို အသက်ဝင်အောင် ဖန်တီးချင်တဲ့သူများအတွက်ပေါ့။ ကျွန်မ ခုလက်ရှိလည်း ပျင်းရင် ဆော့သလို တိမ်လေးတွေ ရေလေးတွေ စီဆင်းနေတာကို မြင်ချင်ရင်လည်း အသုံးပြုလေ့ရှိတဲ့ ဆော့ဖ်ဝဲလေးတစ်ခုဆိုလည်း မမှားဘူးပေါ့နော်။ ဘာလေးလဲဆိုတော့ Nufsoft(http://www.nufsoft.com) ဆိုက်လေးတစ်ခုဖြစ်ပါတယ်။ ဒီဆိုက်လေးမှာ ဒေါင်းပြီး အသက်ဝင်လှုပ်ရှားအောင် ပြုလုပ်နိုင်ပါတယ်။ ဖိုင်အရွယ်အစားက 4.45MB သာ ရှိပေမယ့် ပြောင်းလဲပြီးတဲ့ ရှုခင်းပုံကို animation အဆင့်ထိ gif ဖိုင်ထုတ်လုပ်ဆောင်လို့ရလို့ ကျွန်မ သဘောကျ နှစ်သက်မိပါတယ်။ အဓိကလုပ်ဆောင်တာက ရေ၊ ရာသီဥတုနဲ့ အသံ နောက် ပတ်ဝန်းကျင် ငှက်ကလေးတွေ ဖြတ်သန်းမှု စတဲ့ အထူးပြုလုပ်ချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို လှုပ်ရှားအောင်လုပ်ဖို့ဆိုတာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကို အရင်နားလည်တတ်ကျွမ်းဖို့တော့လိုပါတယ်။ အခုဆော့ဖ်ဝဲက ဘာနည်းပညာမှ သင်စရာ မလိုဘဲ စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်။ ကန်ထဲက ရေတွေ ဟိုဖက်ဒီဖက် ရွေ့လျားနေမယ်၊ ပင်လယ်က ရေတွေ လှိုင်းတံပိုးထပြီး လှုပ်ရှားမယ်၊ ငှက်ကလေးတွေ တကျွီကျွီအော်မြည်သံလေးတွေလည်း ကြားရမယ်၊ ရေတံခွန်က တဝေါဝေါနဲ့ ရေတွေ စီးကျနေမယ် စတဲ့ ဖန်တီးချက်တွေ ပြုလုပ်ကြည့်လို့ရပါတယ်။ ဒီလှုပ်ရှားမှုတွေကို screensaver အဖြစ်လည်း တင်ထားနိုင်ပါသေးတယ်။ ရေလှုပ်ရှားမှု effects ခြောက်မျိုးပြုလုပ်နိုင်ပြီး နှင်းတွေကျတာ၊ မိုးစက်တွေ ကျတာမျိုးလေးတွေလည်း လုပ်နိုင်ပါသေးတယ်။ မဆိုးဘူးလို့ ပြောရမယ့်ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။ Professional edition မှာ နောက်ခံတေး တီးလုံးနဲ့ လှုပ်ရှားနေတဲ့အရာလေးတွေ ထပ်ထည့်နိုင်ပါတယ်။ ဒီဖိုင်ကို သင့်စိတ်ကြိုက်လုပ်ဆောင်ပြီးရင် export အဖြစ် executable(.exe), screen saver(.scr), GIF(.gif), AVI(.avi) format များနဲ့ save လုပ် သိမ်းထားနိုင်ပါတယ်။ ကလေး၊ လူကြီး အားလုံးစိတ်ဝင်စားမယ့်ဆော့ဖ်ဝဲလေးတစ်ခုပေါ့။ ကျွန်မကတော့ အချိန်ရရင် ပုံလေးတွေ အရှင်ဖြစ်အောင် လုပ်ဆောင်ပါတယ်။ http://www.nufsoft.com/purchase.php သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အဲ ဝယ်သုံးပြီး မကြိုက်ရင်လည်း ရက် ၃၀ အတွင်း ငွေပြန်အမ်းမယ်လို့ ဆိုထားပါသေးတယ်။ နမူနာကတော့ ရက် ၃၀ လောက် ရမယ်လို့ထင်ပါတယ်။
ရေတံခွန်အသွယ်သွယ် စီးလို့ရယ်

03
Mar