News

www.google.com.mm ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ

Google-Myanmar-Font

Googleတွင် မြန်မာဘာသာသုံး စနစ်များအား စတင် သုံးစွဲနိုင်နေပြီ ဖြစ်ကြောင်း သိရပါသည်။အသုံးပြုပုံမှာ www.google.com.mmကို ရိုက်ထည့်ရမည်ဖြစ်ပြီး GoogleSearchEngine ပေါ်လာသောအခါ SearchBox၏ အောက်ဖက်တွင် မြန်မာဘာသာဟူသောTabကို ရွေးချယ်ခြင်း အားဖြင့် မြန်မာဘာသာသုံး စနစ်ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Google စနစ်အား မြန်မာဘာသာဖြင့် သုံးစွဲလိုသူများအနေဖြင့် မိမိ၏ ကွန်ပျူတာတွင် Myanmar 2နှင့် Myanmar 3 Unicode Fontများဖြင့်သာ ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ Google၏ အမှုဆောင် ဖြစ်သူ မြန်မာနိုင်ငံသို့ မရောက်လာမီ တစ်ရက်အလိုတွင် အဆိုပါ စနစ်အား သုံးစွဲနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာဘာသာဖြင့် သုံးစွဲ၍ မရခဲ့ပဲ ဧပြီလ ၄ရက်နေ့မှ သာလျှင် မြန်မာဘာသာစနစ်ဖြင့် သုံးစွဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ Google အုပ်ချုပ်သူ Mr.Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် Google၏ ၀န်ဆောင်မှုများဖြစ်သော Google Play Storeနှင့် Google Analyticsများ အပါအ၀င် ယခု ကဲ့သို့သော မြန်မာဘာသာသုံးစနစ်များလည်း အသုံးပြုလာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

Related Posts

3 thoughts on “www.google.com.mm ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ

  1. TharMHtoo says:

    Good

  2. saw htoo say says:

    Verry good for we.

    i

Leave a Reply

Your email address will not be published. Required fields are marked *